ခေတ်မီကျန်းမာရေးနည်းပညာအတွက် ထိုးထွင်းသိမြင်မှုများ၊ အပ်ဒိတ်များနှင့် အကောင်းဆုံးအလေ့အကျင့်များ
ဒီဇာတ်လမ်းက ၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံက အထွေထွေရောဂါကု ဆေးရုံကြီးတစ်ခုရဲ့ ဆေးကုသဆောင် (Medical Ward) ထဲမှာ စခဲ့တာပါ။ အဲ့ဒီတုန်းက ကျွန်တော်က ဂျူနီယာဆရာဝန်တစ်ယောက်ပေါ့။ တာဝန်ချိန်အရှည်ကြီး ပြီးသွားတဲ့နောက် လူနာဆင်းလက်မှတ် (Discharge Notes) တွေကို လက်နဲ့ ထိုင်ရေးနေရတယ်။ တစ်စောင် နှစ်စောင်တင် မကဘူး၊ တစ်ခါတလေ တစ်ဒါဇင်ကျော်တယ်။ လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေ၊ ကုသမှုတွေ၊ ဓာတ်ခွဲခန်းအဖြေတွေနဲ့ လုပ်ခဲ့သမျှ အကုန်လုံးကို စာမျက်နှာအလိုက် လက်နဲ့အသေးစိတ် လိုက်ရေးနေရချိန်မှာ အပြင်မှာတော့ လူနာတွေက တန်းစီစောင့်နေကြတုန်း။