လုပ်ဆောင်ချက်များသို့ ပြန်သွားရန်/ငွေတောင်းခံလွှာ စီမံခန့်ခွဲမှု (Billing)
တိကျပြီး ပွင့်လင်းမြင်သာတဲ့ ငွေရှင်းစနစ်

ငွေတောင်းခံလွှာ စီမံခန့်ခွဲမှု (Billing)

သင့်ဆေးခန်း၏ ငွေရေးကြေးရေးလုပ်ငန်းများကို လျင်မြန်ရှင်းလင်းစေရန် ကူညီပေးနိုင်ပါသည်။ သင့်ဆေးခန်းသုံး ကိုယ်ပိုင်ဆေးဝါးစာရင်းများနှင့် ဝန်ဆောင်မှုနှုန်းထားများ (Service Lists) ကို Google Sheets စသည့် နေရာများမှတစ်ဆင့် စနစ်ထဲသို့ ကြိုတင်တင်သွင်းပြီး လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ လူနာတစ်ဦးချင်း၏ ပြသမှု (Visit) သို့မဟုတ် အုပ်စုလိုက်ပြုလုပ်သော Session တိုင်းအတွက် လွယ်ကူစွာ ဘေလ်ထုတ်ပေးနိုင်မည့်အပြင် ဘေလ်အလိုက် ဆေးခန်းသုံးပစ္စည်းများ ရွေးချယ်ခြင်း၊ ဘေလ်များကို Print ထုတ်ခြင်းနှင့် လူနာများအတွက် Discount Option များကို သတ်မှတ်ပြီး ပြန်လည်စောင့်ကြည့် စီမံနိုင်ပါသည်။ ဤဘေလ်များကို သက်ဆိုင်ရာ စပွန်ဆာအစီအစဉ်များအောက်တွင်လည်း စနစ်တကျ ပြန်လည်စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။

ငွေတောင်းခံလွှာ စီမံခန့်ခွဲမှု (Billing) illustration
အဓိက စွမ်းဆောင်ရည်များ

ပါဝင်သည့် လုပ်ဆောင်ချက်များ

ဆေးခန်းသုံးပစ္စည်းစာရင်း၊ အကြိမ်လိုက် ငွေတောင်းခံလွှာထုတ်တာနဲ့ စပွန်ဆာကုဒ် အသုံးပြုတာတွေကို တစ်နေရာတည်းမှာ လုပ်နိုင်မယ်။

  • ဆေးဝါးနှင့် Service စာရင်းများကို Google Sheets မှတစ်ဆင့် တင်သွင်းအသုံးပြုနိုင်ခြင်း
  • လူနာတစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက် Session များအတွက် လွယ်ကူစွာ ဘေလ်ထုတ်ပေးနိုင်ခြင်း
  • ဘေလ်အတွင်း အလွယ်တကူ item များ ရွေးချယ်ထည့်သွင်းနိုင်ခြင်းနှင့် Print ထုတ်နိုင်ခြင်း
  • လူနာများအတွက် စိတ်ကြိုက် Discount Option များ ဖန်တီးသတ်မှတ်နိုင်ခြင်း
  • ဘေလ်များကို သက်ဆိုင်ရာ Sponsor အစီအစဉ်များအောက်တွင် စစ်ဆေးနိုင်ခြင်း