ပြင်ပအာမခံနဲ့ စပွန်ဆာပေးချေမှုတွေကို အလွယ်တကူ ခြေရာခံနိုင်မယ်

Sponsor စီမံခန့်ခွဲမှု

လူနာများ သို့မဟုတ် အုပ်စုများအတွက် ပြင်ပမှ ဆေးဝါးကုသစရိတ်မျှဝေခြင်းနှင့် အာမခံစနစ်များ (Shared Expense / Coverage Plans) ကို လွယ်ကူစွာ ကိုင်တွယ်နိုင်ရန် ဖန်တီးထားသော စနစ်ဖြစ်ပါသည်။ အထူးသဖြင့် NGO စီမံကိန်းများနှင့် ချိတ်ဆက်ထားသော ဆေးခန်းများ၊ ကျန်းမာရေးလှုပ်ရှားမှု ကမ်ပိန်းများ သို့မဟုတ် ဝန်ထမ်းများအတွက် ကုသမှုပေးထားသော အလုပ်ရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် (Employee Health Plans) များကို ဤစနစ်အောက်တွင် မှတ်ပုံတင်ကာ စပွန်ဆာကုဒ် (Sponsor Codes) များ ထုတ်ပေးပြီး အသုံးပြုနိုင်ပါသည်။ ဤကုဒ်များကို လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အလိုက်ဖြစ်စေ သို့မဟုတ် အုပ်စုတစ်ခုလုံးဖြစ်စေ သတ်မှတ်ပေးထားနိုင်ပြီး လူနာလာရောက်ပြသတိုင်း အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်မည့်အပြင် စပွန်ဆာကုဒ် တစ်ခုချင်းစီအလိုက် ငွေမည်မျှClaimပြုလုပ်သုံးစွဲသွားသည်ကိုလည်း စာရင်းဇယားများဖြင့် အသေးစိတ် ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါသည်။

Sponsor စီမံခန့်ခွဲမှု illustration
အဓိက စွမ်းဆောင်ရည်များ

ပါဝင်သည့် လုပ်ဆောင်ချက်များ

ပြင်ပစပွန်ဆာတွေကို စီမံတာ၊ အာမခံကုဒ်တွေ ထုတ်ပေးတာနဲ့ အသုံးပြုမှုမှတ်တမ်းတွေကို ခြေရာခံနိုင်မယ်။

  • လူနာနှင့် အုပ်စုများအတွက် ကုသစရိတ်မျှဝေမှုနှင့် အာမခံစနစ်များကို စီမံခန့်ခွဲနိုင်ခြင်း
  • NGO၊ ကျန်းမာရေးကမ်ပိန်းများနှင့် ဝန်ထမ်းအာမခံအစီအစဉ်များကို မှတ်ပုံတင်နိုင်ခြင်း
  • လူတစ်ဦးချင်း၊ အဖွဲ့ သို့မဟုတ် အုပ်စုလိုက် စပွန်ဆာကုဒ် (Sponsor Codes) များ ထုတ်ပေးနိုင်ခြင်း
  • လူနာလာရောက်ပြသတိုင်း စပွန်ဆာကုဒ်များအား အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ခြင်း
  • ကုဒ်တစ်ခုချင်းစီ၏Claimအသုံးပြုမှုမှတ်တမ်းနှင့် စာရင်းဇယားများ စောင့်ကြည့်နိုင်ခြင်း